
Min Dhama Steel Structures ကိုခြုံငုံသုံးသပ်မှု
ပူးပေါင်းဆောင်ရွက်မှုအမြင်
တာဝန်ပေးအပ်မှု
ဦးတည်ချက်
ကျွန်ုပ်တို့ ၏ တန်ဖိုးမဖြတ်သော Customer များ၏ လိုအပ်သောအဓိကဆောက်လုပ်ရေးထုတ်ကုန်ပစ္စည်းများကို အကောင်းဆုံးဝန်ဆောင်မှုပံ့ပိုးပေးနိုင်ရန်။
Core Values
- အဖွဲ့စည်းစိတ်ဓါတ်ဖြင့်လုပ်ကိုင်နိုင်ခြင်း
- ကောင်းမွန်သောပေါင်းသင်းဆက်ဆံခြင်း
- တရားမျှတမှုရှိခြင်း
- တာဝန်ယူမှုရှိခြင်းနှင့်ယုံကြည်စိတ်ချရခြင်း
- ကတိတရား
- ဆက်လက်ဖွံဖြိုးတိုးတက်မှု
ယုံကြည်စိတ်ချရသည်အရည်အသွေး
ကျွန်ုပ်တို့သည် သုံးစွဲသူတို့၏ အရည်အသွေးလိုအပ်ချက်အတိုင်း ၁၀၀% ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။ ကောင်းမွန်သည့်အရည်အသွေးဖြည့်ဆည်းမှုသည် ကျွန်ုပ်တို့၏အောင်မြင်မှုအတွက်သာမက သုံးစွဲသူများ၏ယုံကြည်စိတ်ချမှုအတွက်လည်း အသက်တမျှအရေးပါသည်ဟု ကျွန်ုပ်တို့ခံယူထားပါသည်။ ကျွန်ုပ်တို့သည် သတ်မှတ်ထားသော နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း တင်းကြပ်စွာလိုက်နာ ဆောင် ရွက်ပါသည်။
အဓိကဝန်ဆောင်မှုများ
စုစုပေါင်းကြမ်းခင်ဧရိယာမှာ ၅၅၄၅၈၀ စတုရန်းပေရှိပြီး
Min Dhama Steel Structures သည် ဒီဇိုင်း၊ Steel Structures ထုတ်လုပ်ခြင်း ၊ တပ်ဆင်ြခင်း များကို အောက်ပါ အဆောက်အဦများအတွက် ထုတ်လုပ်ပေးပါသည်။ ၎င်းတို့မှာ
- အထက်မြင့် အဆောက်အဦများ
- သတ္တုတွင်းများ
- လောင်စာဆီ နှင့် ဓါတ်ငွေ့စက်ရုံ
- အလုပ်ရုံ နှင့် သိုလှောင်ရုံများ
- ဓါတ်အားပေးစက်ရုံ
- စတီးတံတားများ
- လေဆိပ်
- ပြန်လည်ဆန်းသစ်လိုသော အဆောက်အဦများ
- စက်မှုလက်မှုအဆောက်အဦများ
ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျမ်းမာရေးဆိုင်ရာ သန္နိဋ္ဌာန်
ကျွန်ုပ်တို့ ဝန်ထမ်းများ၏စွမ်းဆောင်မှုဆိုင်ရာ စွမ်းရည်များ အသိပညာများတိုးပွားစေရန်ရည်သန်လျက်ဘေးကင်းကျန်းမာသော လုပ်ငန်းခွင်အား အလေးအနက်ထားဖန်တီး တည်ဆောက်ပေးလျက်ရှိပါသည်။
စက်များ၏ထုတ်လုပ်နိုင်မှုပမာဏ
အဆောက်အဦး ဒီဇိုင်းများအသေးစိတ် ဆွဲခြင်းနှင့် တွက်ချက်ခြင်းများကို BMI software အားအသုံးပြု၍ဆောင်ရွက်ပြီးတစ်လလျှင် တန်ချိန် ၆၀၀၀ ထိ ဒီဇိုင်းများကို ဒီဇိုင်းအဖွဲ့မှ ဆွဲပေးနိုင်ပါသည်။ MDS မှ တစ်လလျှင် Steel Structures များကို တန်သုံးထောင်မှ တန်ငါးထောင်ထိထုတ်လုပ်နိုင်ပါသည်။
ကျွနု်ပ်တို့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော CNC ဖောက်စက်၊ မျက်နှာပြင်ချောစက် ၊ မီးအပူဖြင့်ဖြတ်သောစက် များကိုရှေ့ဆောင်လမ်းပြအနေအသုံးပြုခဲ့ပြီး တစ်လိုင်းချင်းစီတွင် တန်ချိန် ၅၀၀ ထိထုတ်လုပ်နိုင်ပါသည်။