Select Page

Min Dhama Steel Structures Co., Ltd.၏ သမိုင်းကြောင်း

Min Dhama Steel Structures Co., Ltd. သည်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ကုမ္ပဏီဖြစ်ပြီး Mottama Holdings Limited. ၏ ကုမ္ပဏီခွဲများထဲမှ တစ်ခုဖြစ်ပါသည်။ Min Dhama Steel Structures Co., Ltd. သည်အဓိကအားဖြင့် Design၊ Steel Structures Fabrications နှင့် Installion များကိုအထူးပြုလုပ်ဆောင်လျက်ရှိပြီး ရွှေပြည်သာစက်မှုဇုံ (၄)၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့တော်တွင်တည်ရှိပါသည်။ MDS ၏အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံ၏တဟုန်ထိုး တိုးတက်နေသော အခြေခံအဆောက်အဦများကို ဖွံဖြိုးတိုးတက်စေရန် နှင့် အာဆီယံဈေးကွက်အတွက် Steel Structures လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် စက်ရုံတည်ဆောက်ခြင်းဖြစ်ပါသည်။

MDS ၏အကျယ်အဝန်းမှာ ၇၀၀၀၀၀ စတုရန်းပေ နီးပါးရှိပါသည်။ MDS သည် ၂၀၁၄ ခုနှစ်တွင်စက်ရုံစတင်တည်ထောင်လျက်ရှိပြီး၎င်းအချိန်တွင် စတင်လုပ်ကိုင်ပြီးထုတ် လုပ်မှုစွမ်းဆောင်ရည်မှာလည်းတစ်နှစ်လျင်တန်ချိန် ၃၆၀၀၀ သာထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှုဧရိယာမှာလည်း ၂၇၉၆၀ စတုရန်းမီတာ သာရှိပါသည်။ ထိုသို့ ဆက်တိုက်ဆိုသလိုနှစ်စဉ်တိုးချဲ့လာခဲ့ရာယခုအချိန်တွင်တစ်နှစ်လျင် တန်ချိန် ၆၀၀၀၀ အထိတိုးမြှင့်ထုတ်လုပ်ပါသည်။ ဤတိုးချဲ့ထုတ်လုပ်မှု၏ကြမ်းခင်းဧရိယာမှာ ၅၅၄၅၈ စတုရန်းမီတာ ထိတိုးမြှင့်ခဲ့ပါသည်။ နောက်ဆုံးပေါ်နည်းပညာများအသုံးပြုထားသော စက်သစ်ကြီးများကို ထုတ်လုပ်ရေးလိုင်းများအားလုံးတွင်အသုံးပြုလျက်ရှိပြီး ထိုလိုင်းများတွင် Box Column ထုတ်လုပ်ရေးလိုင်း၊ သံချေးချွတ်ပေးသော Shot Blasting များ နှင့် ဆေးသုတ်ရန် Airless Painting Machine များတို့လည်းပါရှိပါသည်။သံမဏိတံတားများ (Steel Bridges)၊ သိုလှောင်ကန်များ (Storage Tanks)၊ သံမဏိတိုင်များ (Steel Box Column) နှင့် ကြီးမားသော သံမဏိဘင်းများ (Built up H Beam) များကို ထုတ်လုပ်ရေးလိုင်း ၅ လိုင်းဖြင့်ထုတ်လုပ်ပါသည်။

ထိုတိုးချဲ့လုပ်ဆောင်မှုများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်လာပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ တွင်ကြီးကျယ်ခန်းနားစွာ ဖွင့်လှစ်ခဲ့ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် Steel Structures များကို ရွေးချယ်ခြင်းအားဖြင့် များပြားလှသော အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး အထူးသဖြင့် အရည် အသွေးကောင်းမွန်သောကုန်ပစ္စည်းများ နှင့် ဆောက်လုပ်မှုအချိန်ကိုလည်းလျှော့ကျစေခြင်းတို့ဖြစ်ပါသည်။ MDS သည်နောက်ဆုံးပေါ်နည်းပညာစက်သစ်ကြီးများနှင့်အရည်အသွေးမှီသောSteel Structures များကိုထုတ်လုပ်ပေးပါသည်။ ဒီဇိုင်း အားလုံးနှင့်ထုတ်လုပ်မှုအားလုံးသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီလိုက်နာဆောင်ရွက်ပါသည်။ MDS သည် နောက်ဆုံးပေါ်နည်းပညာများနှင့်လုပ်ငန်းစဉ်များကိုချမှတ်ပြီး “ Revolutionising High Rise Construction Technology” မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးအခန်းကဏ္ဍ ဆက်လက်ဖွံဖြိုးတိုးတက်မှုအတွက် လိုအပ်သောဆောက်လုပ်ရေးဏ္ဍများတွင် အပြည့်အဝပါဝင်ဆောင်ရွက်ရန်အဆင်သင့်ရှိနေပါသည်။

Min Dhama Steel Structures Co., Ltd. ၏အချက်အလက်များ

ကုမ္ပဏီအမည် – Min Dhama Steel Structures Co., Ltd.
တည်နေရာ – ရွှေပြည်သာစက်မှုဇုံ (၄)၊ ရန်ကုန်မြို့။
စီးပွားရေးလုပ်ငန်း – ဒီဇိုင်း၊ Steel Structures ထုတ်လုပ်မှု နှင့် တပ်ဆင်ခြင်းလုပ်ငန်း
ထုတ်ကုန်များ – Steel Structures of Box Column များ၊ Built Up H Beam များ၊ တံတားသံဘောင်များအတွက် Bridge Girder များ နှင့် အမျိုးမျိုးသော Steel Structures များ

Hotline:

(+959) 965 333 666

Contact to

Min Dhama Steel