Select Page

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်

ကျွန်ုပ်တို့၏ Min Dhama Steel Structures တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ၊ ကန်ထရိုက်တာများနှင့် လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှု့လေ့လာသော ဧည့်သည်များအတွက် အန္တရာယ်ကင်း၍ ကျန်းမာ သော လုပ်ငန်းခွင်တစ်ခုဖြစ်စေရန် ဖန်တီးတည်ဆောက်လျက်ရှိပါသည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒလမ်းစဉ်များ ချမှတ်၍ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေး ထိခိုက်မှုများ၊ အသက်သေဆုံးမှုများ၊ မတော်တဆထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း မရှိစေရန် အလို့ငှာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား ရေးဆွဲထားရှိပါသည်။

ထို့ပြင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်နှင့် မူဝါဒလမ်းစဉ်များသည် ဖော်ပြချက်တစ်ခုအနေဖြင့် ထားရှိခြင်း မဟုတ်ဘဲ စက်ရုံအတွင်း လက်တွေ့အသုံးချ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဘေးကင်းကျန်းမာသော လုပ်ငန်းခွင်အဖြစ် ဖန်တီးတည်ဆောက်လျက် ရှိပါသည်။ လုပ်ငန်းခွင်အတွင်း

  • လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နည်းဥပဒေများ
  • လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၏ အရေးပါမှုအား ဖော်ပြထားသော ဆောင်ပုဒ်များ
  • လုပ်ငန်းတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရမည့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ
  • စက်ရုံတွင်း စည်းမျဉ်း၊ စည်းကမ်းများ
  • လုပ်ငန်းစဉ်အတွက် လိုအပ်သော အန္တရာယ်ကင်းရှင်းရေး အစီအစဉ်များ
  • လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး သင်တန်းများနှင့် လုပ်ငန်းခွင် စစ်ဆေးဆောင်ရွက်ခြင်းများ
  • မတော်တဆထိခိုက် ဒဏ်ရာရရှိမှုများ နှင့် ပျက်စီးဆုံးရှုံးခြင်းများအား လျော့ချ ကာကွယ်ခြင်း အစီအစဉ်များ အစရှိသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Hotline:

(+959) 965 333 666

Contact to

Min Dhama Steel