Select Page

အုပ်စုလိုက်ပူးပေါင်းဆောင်ရွက်မှုကွန်ယက်

Min Dhama Steel Structures Co., Ltd. သည် Mottama Holdings ၏ကုမ္ပဏီခွဲ တစ်ခုလည်းဖြစ်ပါသည်။

အဓိကအုပ်စုအားဖြင့် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေး ၊ ရင်းနှီးမြုပ်နှံမှုနှင့် ဖွံဖြိုးတိုးတက်ရေး ဟူ၍ အုပ်စုသုံးစုခွဲ ထားပါသည်။

ဆောက်လုပ်ရေးသည် Mottama Holdings ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ ၎င်းသည် Mottama Holdings အောင်မြင်မှု၏ အဓိကတစ်နေရာတွင် ပါ ဝင်ပါသည်။ အထူးသဖြင့် Min Dhama Company နှင့် အတူ စတီးထုတ်ကုန်များဖြစ်သော သံဘောင် များကို စက်ရုံအလုပ်ရုံများ၊ စီးပွားရေးအဆောက်အဦများ၊ လူနေအဆောက်အဦးများ၊ လမ်းပန်းဆက်သွယ်ရေးအဆောက်အဦးများ၊ နိုင်ငံတော် စီမံကိန်းများအတွက် MDS ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။ ထိုကြောင့် စတီး သံဘောင်ထုတ်လုပ်ရေးတွင် Min Dhama Steel Structures ဟူ၍ အောင်မြင်လာခဲ့ပါသည်။ ထို့အပြင် Mottama Holdings ၏ ကုမ္ပဏီခွဲဖြစ်သော Asia Concrete Products ကုမ္ပဏီ မှ ရုံး၊ အဆောက်အဦး၊ လူနေအဆောက်အဦး၊ ရုံးခန်းများ အတွက်အသင့်ဖျော်စပ်ပြီး အသုံးပြုနိုင်သော ကွန်ကရစ်နှင့် ကွန်ကရစ်ထုတ်ကုန်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ACT Decorations (Formerly part of MDC) မှ လည်း အင်တာနေရှင်နယ် အဖွဲ့စည်းများ၏နည်းပညာအထောက်အပံ့နှင့်အတူအတွင်းအပြင် အလှဆင်မှု စီမံကိန်း များအတွက် လိုအပ်သော အတွေးအခေါ်များ၊ ဒီဇိုင်းများ၊ ပစ္စည်းရွေးချယ်ခြင်းလုပ်ငန်းများ နှင့် တပ်ဆင်မှုတို့ကို ဆောင်ရွက်ပါသည်။ စတီးထုတ်ကုန်များ ထောက်ပံ့မှုနှင့်အတူအမိုးမိုးပေးခြင်း၊ PU panels များ၊ သက်ဆိုင်ရာဆောက်လုပ်ရေးပစ္စည်းများနှင့်တပ်ဆင်ရေးလုပ်ငန်းပါ လုပ်ဆောင်သ့အတွက် ပိုမိုအောင်မြင်မှုများရရှိလာခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုမှ စ၍ Trading Company ဖြင့် စတင်ရပ်တည်ခဲ့ပြီး ယခုအခါတွင် ဆောက်လုပ်ရေးနှင့်သက်ဆိုင်သော ကုန်ပစ္စည်း များစွာ ထုတ်လုပ်နိုင်သော Holding Group တစ်ခုဖြစ်လာခဲ့သည်။ ပြည်တွင်းရှိ သုံးစွဲသူများကို ၎င်းတို့၏ဆောက်လုပ်ရေးလိုအပ်ချက်များကိုတနေရာထဲတွင် အကောင်းဆုံးဝန်ဆောင်မှုဖြင့် ထောင်ပေါင်းများစွာသော လိုအပ်ချက်များကို ပံ့ပိုးပေးနိုင် သည့်အတွက် Mottama Holdings မှ အမြဲဂုဏ်ယူမိပါသည်။

ကျွန်တော်တို့၏ခံယူချက်မှာ နိုင်ငံတကာမှ နည်းပညာအသစ်များ၊ အတွေးအမြင်အသစ်များ ဖြင့် ဆောက်လုပ်ရေးကဏ္ဍကို နိုင်ငံတကာအဆင့်မှီ စေရန် တစ်စိတ်တစ်နေရာမှ ပါဝင်ဆောင်ရွက်နိုင်ရန်အမြဲကြိုးစားနေပါသည်။ ၂၀၁၅ ခုနှစ် Singapore နိုင်ငံ တွင် ကုမ္ပဏီခွဲအသစ်အဖြစ် Min Investment and Trading Company ကိုတည်ထောင်နိုင်ခဲ့ပြီး ၎င်းမှတန်ဖိုးမဖြတ်နိုင်သောနည်းပညာများနှင့် ရင်နှီးမြုပ်နှံမှုများကို ပြည်တွင်းသို့ကောင်းစွာသယ်ဆောင်လာနိုင်ခဲ့ပါသည်။ Prime Metal ကိုတည်ထောင်ပြီး ၎င်းသည်လည်း ကမ္ဘာ့အဆင့်မှီ ကိုရီးယားနည်းပညာဖြင့် ခိုင်ခန့်သော Light Weight Metals များကို ထုတ်လုပ်နိုင်သော စက်ရုံဖြစ်ပါသည်။ ထိုင်ဝမ်နိုင်ငံ၏ မူလဒီဇိုင်းများ၊ နည်းပညာများ ဖြင့်အရည်အသွေးထူးခြားကောင်းမွန်သော မီးခံသေတ္တာများ ၊ တံခါးများ၊ အခန်းဖွဲ့သည့် အကန့်များ၊ ရုံးသုံးပရိဘောဂများနှင့် အသုံးဆောင်ပစ္စည်းများကို တာဝန်ယူမှုများဖြင့် ထုတ်လုပ်ပေးပါသည်။ အားကောင်းသော ရည်မှန်းချက် နှင့်အတူ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးကဏ္ဍတွင် Mottama Holdings မှ စွန့်ဦးတီထွင်လုပ်ကိုင်မည့်စိတ်ဓါတ်နှင့် နေ့စဉ်ကြိုးစား လျက်ရှိပါသည်။ ကုမ္ပဏီ၏အားသာချက်များမှာ ရိုးသားဖြောင့်မတ်မှု နှင့် ပေါင်းစည်းမှုအားကောင်းခြင်း၊ လုပ်ငန်းလိုအပ်သည့် အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ခြင်းနှင့် လုပ်ငန်းတန်ဖိုးမြှင့်တင်ပေးနိုင်မှု တို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့ Mottama Holdings မှ အသစ်ဖွဲ့စည်းလိုက်သော Mottama Development Group အနေနှင့် နိုင်ငံတော်၏ အဓိကကျသော ရင်းနှီးမြုပ်နှံမှု ကဏ္ဍအားလုံး တို့တွင်ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်နှင့်အတူ ကျွန်ုပ်တို့လည်း ပိုမို ဖွံဖြိုးတိုးတက်လာစေပါသည်။

Hotline:

(+959) 965 333 666

Contact to

Min Dhama Steel